နယူးယောက်မြို့ကို အဆင့်နှစ်ဆင့်ဖြင့် ပြန်လည်ဖွင့်လှစ်မည်

၂၃ ဇွန် 

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သုံးလနီးပါး ပိတ်ထားခဲ့ရသည့် အမေရိကန်ပြည်ထောင်စု၏ အထိခိုက် အနစ်နာဆုံး မြို့ဖြစ်သည့် နယူးယောက်မြို့ရှိ စီးပွားရေး လုပ်ငန်းများကို အဆင့်နှစ်ဆင့်ဖြင့် ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။ 

 

တနင်္လာနေ့အတွင်းက စားသောက်ဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့် ပေးခဲ့သည့်အပြင် အခြား လူမှုအဖွဲ့အစည်းများကို ဖွင့်လှစ်ခွင့်ပေးခဲ့သည်။ 

 

မန်ဟန်တန်ရှိ စားသောက်ဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုပေးခဲ့ပြီး  စားပွဲများကို တစ်ခုနှင့်တစ်ခု နှစ်မီတာခြား အကွာအဝေးဖြင့် ဖွင့်လှစ်ခွင့်ပေးခဲ့သည်။ 

 

သူအကြိုက်ဆုံး စားသောက်ဆိုင်၌  နေ့လယ်စာ စားသောက်ရသဖြင့် ပျော်ရွင်မိကြောင်း ဖောက်သည် တစ်ဉီးက ပြောကြားခဲ့သည်။ 

 

ကစားကွင်းများကိုလည်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် နှာခေါင်းစည်းများ တပ်ဆင်ထားသည့် မိဘများနှင့် ကလေးငယ်များသည် ပန်းခြံထဲတွင် ကစားလျက်ရှိသည်ကို တွေ့မြင်ခဲ့ရသည်။  

 

နောက်ဆုံး အဆင့်အနေဖြင့် လူပေါင်း ၃၀ဝ၀ဝ၀အထိ အလုပ်ပြန်လုပ်နိုင်မည်ဖြစ်ကြောင်း နယူးယောက်မြို့တော်က ခန့်မှန်းတွက်ချက်ထားရှိသည်။ 

 

မြို့တွင်းရှိ ရောဂါကူးစက်မှု အခြေအနေကို ကြည့်ရှုပြီး ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ရန်နှင့် အတွင်းခန်း စားသောက်ဆိုင်များကို ပြန်လည်ဖွင့်လှစ်ရန်အတွက် လိုအပ်သည့် စောင့်ကြည့်မှုများ ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ 

 

သို့သော်လည်း အခြားစီးပွားရေး လုပ်ငန်းများကမူ တနင်္လာနေ့အထိ ဆက်လက်ပိတ်ထားရန် ရွေးချယ်ခဲ့ပြီး ဖောက်သည်များနှင့် ဝန်ထမ်းများအား ဗိုင်းရပ်စ်မှ ကာကွယ်ရန် အစီအမံများ အကောင်အထည်ဖော်ရန် အချိန်ပိုမို လိုအပ်နေသည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။ 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်