နယူးယောက် ၂၁ ဇန်နဝါရီ 

 

နယူးယောက်မြို့၌ အမျိုးသမီးထောင်ပေါင်းများစွာတို့သည် သုံးကြိမ်မြောက် အမျိုးသမီးထုစုဝေးချီတက်မှုတွင် ပါဝင်ရန်အတွက် စနေနေ့တွင် လမ်းများပေါ်သို့ ချီတက်ခဲ့ကြကြောင်း သိရသည်။

 

အမျိုးသမီးများ၏ အခွင့်အရေးနှင့် နယ်ပယ်ကဏ္ဍများစွာတို့တွင် အမျိုးသမီးများ၏ လူမှုရေးဆိုင်ရာ သာတူညီမျှရှိမှုကို တောင်းဆိုသည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်စဉ်လှုပ်ရှားမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။

 

အဆိုပါလူအုပ်ကြီးသည် နံနက် ၁၁ နာရီခန့်တွင် မြို့စွန်၌ စုဝေးမှုမပြုလုပ်မီအနောက် မန်ဟက်တန်အထက်ပိုင်းတွင် စုဝေးခဲ့ကြသည်။ ထိုသို့စုဝေးရာတွင် ပါဝင်သူများသည် ကိုယ်တိုင်လုပ် ပိုစတာဆိုင်းဘုတ်အမျိုးမျိုးကို ကိုင်ဆောင်ခဲ့ကြပြီး နိုင်ငံအတွင်း၌ လိင်ပိုင်းဆိုင်ရာ မမျှတမှုများ ကြီးထွားလာနေသည့် အပေါ် ၄င်းတို့၏ခုခံမှုကိုပြသရန် ဆောင်ပုဒ်အမျိုးမျိုးကို ကြေးွကြော်ခဲ့ကြသည်။အသက် ၁၇နှစ်အရွယ် အီမလီဝေါ်လ်တာက ၄င်းအနေဖြင့် ယနေ့ခေတ်အမျိုးသမီးများနှင့် အနာဂတ်၏အမျိုးသမီးများကို ထောက်ခံအားပေးရန်အတွက် လူထုစုဝေး ချီတက်မှုအတွင်းရောက်ရှိလာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

အမျိုးသမီးများသည် ၄င်းတို့၏ ကိုယ်ပိုင်ရုပ်ခန္ဓာနှင့်ပတ်သက်၍ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ရမည်ဖြစ်ကြောင်း မည်သူ၏ခွင့်ပြုချက်မျှမလိုအပ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးဖြစ်သည့် ဂျနီဖာအက်ဒီဆင်က ပြောကြားခဲ့သည်။ 

 

ဆင်ဟွာ