၃၀ နိုဝင်ဘာ

 

နယူးယောက်မြို့ရှိ အစိုးရ ကျောင်းတွေကို ဒီဇင်ဘာ ၇ ရက်နေ့မှာ ပြန်လည်ဖွင့်မယ်လို့ မြို့တော်ဝန်က တနင်္ဂနွေနေ့က ကြေညာပါတယ်။

 

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်ဟာ အစိုးရကျောင်းတွေ အများဆုံး တည်ရှိရာ နေရာဖြစ်ပြီး လက်ရှိအချိန်မှာ ပိုးကူးစက်မှုနှုန်းဟာ ၃.၁ ရာခိုင်နှုန်း ရှိနေတာကို တွေ့ရပါတယ်။

 

ကျောင်းပြန်တက်မယ့် ကျောင်းသူကျောင်းသားတွေအတွက် လုံခြုံရေး ပြုလုပ်ထားပြီးပြီ ဖြစ်တဲ့အတွက် ကျောင်းပြန်ဖွင့်တာဖြစ်ကြောင်း ၊ ကျောင်းသူကျောင်းသားတွေအား ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခြင်း အပတ်စဉ်ပြုလုပ်ရေး စီစဉ်ထားကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

 

ကျောင်းခန်းတွေထဲမှာ ကလေးတွေ ရှိနိုင်သမျှ ရှိအောင်လုပ်သွားမှာဖြစ်ကြောင်း၊ အဲဒီလုပ်ဆောင်ချက်ကို မိဘတွေကလည်း လက်ခံကြောင်း နဲ့ အကောင်အထည်ဖို့လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း မြို့တော်ဝန်ရဲ့ ပြောကြားချက်ကို ပြည်နယ်အုပ်ချုပ်ရေးကလည်း ထောက်ခံပါတယ်။

 

ဗိုင်းရပ်စ်ပိုးကူးစက်မှု များလာတဲ့အတွက် ဆရာ၊ ဆရာမများ သမဂ္ဂရဲ့ သဘောတူညီအချက်နဲ့ ကျောင်းတွေအား နိုဝင်ဘာ ၁၉ ရက်နေ့က ပိတ်ခဲ့ပါတယ်။

 

ကျောင်းသားမိဘတွေက ကျောင်းတွေပိတ်ထားပေမယ့် ဘားနဲ့ စားသောက်ဆိုင်တွေ ဖွင့်တဲ့အပေါ် သဘောထားကွဲလွဲမှုတွေဖြစ်ပါတယ်။

 

နယူးယောက်တွင် အစိုးရကျောင်းပေါင်း ၁,၈၀၀ ရှိပြီး ကျောင်းသူကျောင်းသား ၁.၁ သန်း တက်ရောက်ပညာသင်ကြားနေကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP