၁၇ သြဂုတ်
နယူးယောက် တက္ကသိုလ်မှာ ပညာသင်ယူမယ့် ဆေးကျောင်းသူကျောင်းသားတွေဟာ ကျောင်းလခကို ယခုနှစ်ကနေစပြီး ပေးစရာ မလိုတော့ကြောင်း သိရပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ကျောင်းလခအကြွေးကို ဖြေလျှော့တဲ့ ပုံစံဖြစ်သလို ကျောင်းသူကျောင်းသားတွေ ပိုပြီး ဆေးကျောင်းလျှောက်လာအောင် ဖြစ်တယ်လို့ သိရပါတယ်။
တစ်နှစ်လျှင် ကျောင်းလခ အမေရိကန်ဒေါ်လာ ၅၅,ဝ၁၈ ကို ကောက်ခံခြင်း မရှိတော့တာဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းတွင်းက နေထိုင်စရိတ်နဲ့ အုပ်ချုပ်ရေး စရိတ်အနေနဲ့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂၇,ဝဝဝ လောက်ကတော့ ကျောင်းသူကျောင်းသားတွေ အနေနဲ့ ပေးရဦးမှာ ဖြစ်ပါတယ်။
နယူးယောက်တက္ကသိုလ်ရဲ့ ဆေးကျောင်း ကျောင်းအုပ် ဒေါက်တာ ရောဘတ် ဂရော့စ်မန်း က ဆေးပညာနဲ့ အသက်မွေးဝမ်းကြောင်းချင်သူတွေအတွက် ကျောင်းလခအကြွေးကြောင့် အတားအဆီး မဖြစ်စေချင်ဘူးလို့ ဆိုပါတယ်။
ဆေးကျောင်းက ဘွဲ့ရပြီးသူတွေတောင် ကျောင်းလခ အကြွေးတင်မှာစိုးရိမ်တဲ့အတွက် ပါရဂူဘွဲ့ တက်ရောက်သင်ကြားချိန်မှာ အဟန့်အတားဖြစ်လာကြောင်း ကျောင်းကထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒီထုတ်ပြန်ချက်ကို မနေ့က ကျင်းပတဲ့ ကုတ်အင်္ကျီဖြူ တွေ့ဆုံပွဲ နှစ်ပတ်လည် အစီအစဉ်မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး ယခုနှစ်ပညာသင်နှစ်အတွက် ပထမနှစ် ဆေးကျောင်းသူ ကျောင်းသားအဖြစ် ကျောင်းဝင်ခွင့် လျှောက်ထားသူ ၃၅၀ အပါအဝင် ပညာသင်ဆုရသူ၊ ရရှိပြီးတဲ့ကျောင်းသား၊ကျောင်းသူ ၉၃ဦး၊ စုစုပေါင်း ကျောင်းသားသစ် ၄၄၃ ဦးတို့ ကျောင်းလခ ပေးစရာမလိုတော့ကြောင်းသိရပါတယ်။
နယူးယောက်တက္ကသိုလ်ဟာ အမေရိကန်နိုင်ငံရှိ အကောင်းဆုံး ဆေးကျောင်း ၁၀ ကျောင်း အနက် တစ်ကျောင်း ဖြစ်ပါတယ်။
MDN
ကိုးကား- AFP