၂၅ စက်တင်ဘာ
ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ပြင်ပတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် အီရန်သမ္မတ ဟာဆန် ရိုဟာနီ တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ခေါင်းဆောင်နှစ်ဦးအကြား နဝမအကြိမ်မြောက် အစည်းအဝေးကို နယူးယောက်မြို့တွင် ယမန်နေ့ မနက်ပိုင်းက စတင်ပြုလုပ်ခဲ့သည်။
ဆော်ဒီအာရေးဗီးယား ရေနံစက်ရုံများ တိုက်ခိုက်မှု နောက်ကွယ်တွင် အီရန်ရှိသည် ဟု စွပ်စွဲကာ အမေရိကန်နိုင်ငံနှင့် အီရန် နိုင်ငံတို့ သဘောထားကွဲလွဲမှု ပိုမိုကြီးထွားလာခြင်းကြောင့် ယင်းဆွေးနွေးပွဲ ဖြစ်လာခြင်းဖြစ်သည်။
တင်းမာမှုများ ပိုမိုပြင်းထန်လာမှုနှင့် ပတ်သက်ပြီး အာဘေးက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ၎င်းနှစ်နိုင်ငံအကြား ဆက်ဆံရေး ထပ်မံဆိုးရွားသည့် အခြေအနေမှ ကာကွယ်ဖို့ ကြိုးစားရန် ရိုဟာနီ ကို တိုက်တွန်းပြောကြားခဲ့သည် ဟု ယုံကြည်ရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် လက်မှတ်ရေးထိုးထားသော သဘောတူညီချက်အရ အီရန်နိုင်ငံအနေဖြင့် ကန့်သတ်ထားသော ယူရေနီယံ ထုတ်လုပ်မှုအဆင့်အောက်တွင် လုပ်ဆောင်ရန်လည်း အာဘေးက တောင်းဆိုဖွယ်ရှိသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို