၁၉ ဩဂုတ်

 

 

ဩစတြေးလျ နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးဟာ မထိုးမနေရ မူအဖြစ် ချမှတ်မှာဖြစ်ကြောင်း၊  နိုင်ငံသား ၂၅ သန်းလုံး ကာကွယ်ဆေး မထိုးချင်လို့ မရကြောင်း ဝန်ကြီးချုပ်  စကော့ မော်ရစ်ဆင်က ဒီနေ့(ဗုဒ္ဓဟူးနေ့)မှာ ပြောကြားလိုက်ပါတယ်။

 

 

အောက်စဖို့ တက္ကသိုလ်နဲ့ AstraZeneca ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီတို့ ပူးပေါင်း ထုတ်လုပ်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး ရရှိရေးအတွက် ဩစတြေးလျ အစိုးနဲ့ ထုတ်လုပ်သူတို့ကြား သဘောတူညီချက် ရရှိပြီးနောက် အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

 

 

ဝန်ကြီးချုပ်က ဆေးပညာ လောကမှာ ကာကွယ်ဆေး ထိုးနှံရေးတွင် ခြွင်းချက်အမြဲ ရှိနေခဲ့ပေမယ့် ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးကိုတော့ အားလုံး ထိုးနှံသွားရေး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ ကပ်ရောဂါပိုးဟာ ကမ္ဘာ့စီးပွားရေးနဲ့ လူအမြောက်အများရဲ့ ဘဝတွေကို ဖျက်ဆီးနိုင်ကြောင်း သတိပြုရမှာဖြစ်ကြာင်း မဲလ်ဘုန်းမြို့မှာ တည်ရှိတဲ့ 3AW ရေဒီယို သတင်းဌာနကို ပြောကြားသွားပါတယ်။

 

 

ဝန်ကြီးက အခုလို ပြောကြားသွားပေမယ့် ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို အစိုးရ အနေနဲ့ ဆုံးဖြတ်ခြင်းတော့ မရှိသေးကြောင်း သိရပါတယ်။

 

 

ဩစတြေးလျ နိုင်ငံမှာ မူကြိုကျောင်းနဲ့ ကျောင်းတွေမှာ ကျောင်းအပ်မယ့် ကလေးငယ်တွေဟာ ပိုလီယိုနဲ့ မေးခိုင် ကာကွယ်ဆေး မထိုးထားရင် မကစားရ ဆိုတဲ့ မူတော့ ချမှတ်ထားပြီး ဖြစ်ပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် ဩစတြေးလျ နိုင်ငံသား ၄၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးက အခုချိန်ထိ ထွက်ပေါ်လာခြင်း မရှိသေးပေမယ့် ဝန်ကြီးချုပ် မော်ရစ်ဆင်က လာမယ့် နှစ်ဆန်းပိုင်းမှာ ပေါ်ထွက်လာမယ်လို့ မျှော်လင့်ထားပါတယ်။ ကာကွယ်ဆေးမှာ ပါဝင်တဲ့ ပစ္စည်းစာရင်း ရရခြင်း ဩစတြေးလျမှာ ထုတ်လုပ်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောကြား သွားပါတယ်။

 

 

MDN

ကိုကား- AFP