၃၀ နိုဝင်ဘာ

 

 

ဩစတြေးလျားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ချိန် မတ်လကစပြီး နိုင်ငံရဲ့ နယ်စပ်ဂိတ်တွေ ပိတ်ထားခဲ့ရာ ဒီနေ့ (တနင်္လာနေ့) အရုဏ်တက်ချိန်ကစပြီး နိုင်ငံတကာမှ ကျောင်းသူကျောင်းသားတွေ တင်ဆောင်လာတဲ့ လေယာဉ်တစ်စီး စိုက်ရောက်လာတာကို တွေ့ရပါတယ်။

 

တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားမှ ကျောင်းသူကျောင်းသား ၆၃ ဦးဟာ စင်ကာပူနိုင်ငံကို သွားရောက်ပြီး ချားစ်ဒါဝင်တက္ကသိုလ်ကနေ စီစဉ်တင် လေယာဉ်ကို သွားရောက် စီးနင်းပြီး ဩစတြေးလျားနိုင်ငံကို ဒီနေ့ ရောက်ရှိတာလို့ သိရပါတယ်။

 

အဲဒီကျောင်းသူကျောင်းသား ၆၃ ဦးဟာ အစိုးရက စီစဉ်ထားတဲ့ quarantine စင်တာမှာ ၁၄ ရက်တိတိနေထိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီကျောင်းသူကျောင်းသားတွေထဲမှာ ဉပဒေပညာ၊ သူနာပြုနဲ့ အင်ဂျင်နီယာ ဘာသာရပ်တွေကို လေ့လာဆည်းပူးမယ့် ကျောင်းသား အသစ်နဲ့ ကျောင်းသားဟောင်းတွေ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ပညာရေးဟာ ဩစတြေးလျားနိုင်ငံရဲ့ စတုတ္ထမြောက် နိုင်ငံတကာကို တင်ပို့ကုန်အဖြစ် သံရိုင်း၊ ကျောက်မီးသွေးနဲ့ သဘာဝဓါတ်ငွေ့ရဲ့နောက်မှ တည်ရှိနေပါတယ်။ ပြီးခဲ့တဲ့ နှစ်က နိုင်ငံတကာမှ ကျောင်းသူကျောင်းသာ ၅၀၀,၀၀၀ ကျော်လာရောက်ပညာသင်ကြားခဲ့တဲ့တွက် နိုင်ငံ့စီးပွားရေးထဲကို ဩစတြေးလျားဒေါ်လာ ၃၇ ဘီလီယံရရှိခဲ့ကြောင်း သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် နယ်စပ်ဂိတ်တွေ ပိတ်ထားခဲ့တဲ့အတွက် နိုင်ငံ့အတွက် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံလောက် နစ်နာခဲ့ကြောင်း ဩစတြေးလျားတက္ကသိုလ်များ လော်ဘီအုပ်စုက ဇွန်လမှ ထုတ်ပြန်ခဲ့ပါတယ်။

 

နိုင်ငံတကာမှာ ပိတ်မိနေတဲ့ ဩစတြေးလျားနိုင်ငံသား ၃၅,၀၀၀ ကျော်ကို ခရစ်စ္စမတ်မတိုင်မီ ပြန်ခေါ်ပေးဖို့ အစိုးရက စီစဉ်နေပါတယ်။

 

MDN

ကိုကား -AFP