ကင်ဘာရာ ဇွန် ၂
ဩစတြေးလျ သုတေသီများသည် နိုင်ငံ၏ အနောက်ဘက်ကမ်းလွန်တွင် ကမ္ဘာ့အကြီးဆုံး ပင်လယ်မြက်ခင်းကို ရှာဖွေတွေ့ရှိကြောင်း သိရသည်။
ဇွန် ၁ ရက်က ထုတ်ပြန်သော လေ့လာမှုတစ်ခုတွင် ဩစတြေးလျ တောင်ပိုင်းရှိ ဖလင်ဒါစ် တက္ကသိုလ်နှင့် အနောက်ပိုင်း တက္ကသိုလ်တို့မှ သုတေသီများသည် ဩစတြေးလျ အနောက်ပိုင်း ရုတ်ပင်လယ်အော်တွင် ကီလိုမီတာ ၁၈၀ ရှည်သော ပင်လယ်မြက်ခင်းတစ်ခုကို ရှာဖွေတွေ့ရှိကြောင်း ဖော်ပြထားသည်။
အဆိုပါ သုတေသီများသည် မျိုးရိုးဗီဇကိရိယာများကို အသုံးပြုကာ ရုတ်ပင်လယ်အော်ရှိ ပင်လယ်မြက်များ၏ ကွဲပြားမှုကို သိရှိနားလည်ရန်အတွက် ကြိုးစားခဲ့ကြသည်။ အဆိုပါ မြက်ခင်းကြီးသည် ကြီးမားသော သက်ရှိမျိုးစိတ် တစ်ခုဖြစ်ကြောင်း ရှာဖွေတွေ့ရှိသည့်အတွက် သုတေသီများက အံ့သြမှင်သက်ခဲ့ကြကြောင်း သိရသည်။ သုတေသီများ ရှာဖွေတွေ့ရှိသည့် အဆိုပါ ပင်လယ်မြက်သည် အနည်းဆုံး နှစ်ပေါင်း ၄၅၀၀ ခန့် သက်တမ်း ရှိသည်ဟု ခန့်မှန်းထားသည်။
ဖလင်ဒါစ်တက္ကသိုလ်မှ ဂေဟ ဗေဒပညာရှင်နှင့် လေ့လာမှုကို ပူးတွဲရေးသားသူ မာတင်ဘရိဒ်က အဆိုပါအပင် ရှင်သန်ဖြစ်ထွန်း | နေခြင်းနှင့် ပတ်သက်ပြီး အဖွဲ့အနေဖြင့် စဉ်းစားရခက်နေကြောင်း ပြောသည်။
ထို့ပြင် နောက်ထပ်စမ်းသပ်မှုများ ထပ်မံပြုလုပ်ပြီးနောက် အဆိုပါအပင်သည် ဆက်လက် ကြီးထွားလာဖွယ်ရှိကြောင်း သိရသည်။
ဆင်ဟွာ