ကင်ဘာရာ ၂၁ ဧပြီ

နည်းပညာကုမ္ပဏီကြီးများသည် သမားရိုးကျ မီဒီယာကို အသုံးပြုပြီး အကျိုးအမြတ်များ သော ကြော်ငြာအခွန်မျှဝေခြင်းဖြင့် ကမ္ဘာကိုဦးဆောင်မည်ဟု အဓိဋ္ဌာန်ပြုထားသော ဩစတြေးလျအစိုးရသည် ၎င်းတို့၏ သတင်းအချက်အလက်များအတွက် မီဒီယာ ကဏ္ဍခွဲ များအား ပေးရန် ဂူဂဲလ်နှင့် ဖေ့စ်ဘွတ်ခ်တို့အား တွန်းအားပေး တောင်းဆိုလိမ့်မည်ဟု ယမန်နေ့က ကြေညာခဲ့သည်။

ဩစတြေးလျဘဏ္ဍာရေးမှူး ဂျို့ရှ်ဖရိုင်းဒန်ဘတ်ချ်က ဉပဒေတစ်ရပ်အရ မဖြစ်မနေ ဆောင်ရွက်ရသော လုပ်ထုံးလုပ်နည်းများကို ဇူလိုင်တွင် ပြည့်စုံစွာဖော်ပြပေးရန်၊ မကြာမီ အချိန်အတွင်း ဉပဒေတစ်ရပ် ပေါ်ပေါက်လာစေရန်နှင့် အဆိုပါဉပဒေတွင် အမေရိကန် အခြေစိုက်ကုမ္ပဏီများက ဩစတြေးလျမီဒီယာ ကုမ္ပဏီများကို ၎င်းတို့ သတင်းများနှင့် အခြားသောအကြောင်းအရာများ အသုံးပြုပေးခြင်းအတွက် ငွေပြန်ထုတ်ပေးရန် စသည် တို့ကို ပြောခဲ့သည်။

“အခုလိုလုပ်ဆောင်တာဟာ နည်းပညာကုမ္ပဏီကြီးတွေကို ထိန်းချုပ်ဖို့၊ စစ်မှန်တဲ့ ပြိုင်ဆိုင်မှုတွေကို ပေါ်ပေါက်စေဖို့နဲ့ ကစားကွင်းအဆင့်သတ်မှတ်ဖို့ စတာတွေ ဖြစ်တယ်လို့” ဖရိုင်းဒန်ဘတ်ချ်က ပြောပြခဲ့သည်။

“ထို့အပြင် သတင်းစာလုပ်ငန်းနဲ့ ပတ်သက်တဲ့ အလုပ်အကိုင်တွေကို ထိန်းသိမ်းထားနိုင်ဖို့ နဲ့ အခြားသောကဏ္ဍအားလုံးမှာလည်း သင့်တင့်မျှတတဲ့ ရလဒ်တွေ ထွက်ပေါ်လာဖို့ အတွက် ဖြစ်တယ်လို့” ထပ်မံပြောဆိုခဲ့သည်။

အွန်လိုင်းကြော်ငြာအသုံးပြုမှု၏ သုံးပုံနှစ်ပုံခန့်သိမ်းပိုက်ထားသော ဩစတြေးလျ၏ သတင်းလုပ်ငန်းအပေါ်တွင် ဂူဂဲလ်နှင့် ဖေ့စ်ဘွတ်ခ်တို့၏ သက်ရောက်မှုသည် အင်မတန် မြင့်မားသည်။

လွန်ခဲ့သော ခြောက်နှစ်အတွင်း အခွန်ငွေကျဆင်းမှုကို တုံ့ပြန်ရန်အတွက် ဩစတြေးလျ မီဒီယာများသည် အလုပ်အကိုင် ၂၀ ရာခိုင်နှုန်းကို သိသိသာသာ လျှော့ချခဲ့ရ သည်။

ဩစတြေးလျသည် ထုတ်လုပ်သူများဆီသို့ ကြော်ငြာအခွန်ငွေ ပိုမိုဝင်ရောက်အောင် ကြိုးစားဆောင်ရွက်နိုင်မည်ဆိုပါက ကမ္ဘာပေါ်တွင် ပထမဆုံးလုပ်ဆောင်နိုင်သော နိုင်ငံတစ်နိုင်ဖြစ်လာလိမ့်မည်။

ကိုးကား- အေအက်ဖ်ပီ

ဘာသာပြန်- စုရည်