ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၆

 

ဩစတြေးလျနိုင်ငံအနောက်ပိုင်း မြစ်အတွင်း အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ရေကူးနေစဉ်  ငါးမန်းကိုက်ခံရပြီး ယင်းဒဏ်ရာဖြင့်ပင် ဖေဖော်ဝါရီ  ၄  ရက်က  သေဆုံးသွားခဲ့သည်ဟု အာဏာ ပိုင်များက ပြောသည်။ ပါ့သ်မြို့ရှိ ဆွမ်းမြစ်အတွင်း ငါးမန်းကိုက်ခံရ ပြီးနောက် အဆိုပါ မိန်းကလေးမှာ စိုးရိမ်ရသည့် အခြေအနေရှိသည် ဟု ပြည်နယ်အစိုးရက ကြေညာချက်ထုတ်ပြန်သည်။

 

၎င်းကို မြစ်အတွင်းမှ ဆယ်ယူပြီး အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းများက  အသက်ကယ်ရန် ကြိုးပမ်းခဲ့သော်လည်း  ဒဏ်ရာများသဖြင့် သေဆုံးသွားခဲ့သည်ဟု ဩစတြေးလျ  အနောက်ပိုင်း ရဲတပ်ဖွဲ့က ပြောသည်။  သေဆုံးသွားသည့် မိန်းကလေးမှာ ရှပ်ပြေးရေယာဉ်ပေါ်တွင်  ၎င်း၏ သူငယ်ချင်းများနှင့်အတူရှိနေခဲ့ပြီး ဝေလငါးတစ်ကောင်ကို  တွေ့သည့်အခါ ရေထဲသို့   ခုန်ဆင်းသွားခြင်းဖြစ်နိုင်ကြောင်း   ရဲတပ်ဖွဲ့က ပြောသည်။ 

 

၁၉၂၃ ခုနှစ်က  အသက် ၁၃ နှစ်  အရွယ်  ယောကျာ်းကလေးတစ်ဦး   ငါးမန်းအကိုက်ခံရပြီးနောက် ယခုတစ်ကြိမ်မှာ ဆွမ်းမြစ်အတွင်း   ပထမဆုံးအကြိမ် ငါးမန်းကိုက်ခံရခြင်း ဖြစ်သည်ဟု ယူဆရသည်။

 

သည်ဂါဒီးယန်း