ကင်ဘာရာ ၄ ဖေဖော်ဝါရီ
ဩစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားကာ ပြည်သူထောင်ပေါင်းများစွာကို ဘေးလွတ်ရာ သို့ပို့ဆောင်ပေးခဲ့ရကြောင်း ယမံနေ့ အေအက်ဖ်ပီသတင်း တစ်ရပ်အရ သိရသည်။
လာမည့်ရက်အနည်းငယ်တွင် လေဆင်နှာမောင်းများ ဖြစ်ပွားနိုင်ကြောင်းနှင့် မိုးကြီးလေထန်နိုင်ကြောင်း အာဏာပိုင်များက သတိပေးထုတ်ပြန်ချက်များ ကြေညာထားကြောင်း သိရသည်။
ယခုနှစ်မိုးရာသီကာလအတွင်း ဩစတြေးလျနိုင်ငံမြောက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုများရှိသော်လည်း ပုံမှန်ရွာသွန်းမှုထက် ပိုမိုပြင်းထန်ကြောင်း သိရသည်။ ယခုမိုးရွာသွန်းမှုကြောင့် ရေကြီး၊ရေလျှံမှုသည်ရာ စုနှစ်တစ်ခုအတွင်း တစ်ကြိမ်သာဖြစ်ပေါ်သော ရေကြီးမှုအဖြစ် စံချိန်တင်လျက်ရှိသည်။
ကွင်းစလန်းပြည်နယ် တောင်းစ်ဗီလီမြို့ရှိ ဒေသခံပြည်သူထောင်ပေါင်းများစွာသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကို ရင်ဆိုင်နေရသည်။ ရေဘေး ဒုက္ခသည်ပြည်သူများအား တပ်မတော်သားများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အေအက်ဖ်ပီ