၂၈ အောက်တိုဘာ

 

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ အနီးတစ်ဝိုက်တွင် သုံးလခွဲအကြာ ထုတ်ပြန်ထားခဲ့သော ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်များကို ယမန်နေ့က ဖြေလျှော့ပေးခဲ့ပြီ ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှု အတော်အသင့်ကျဆင်းခဲ့ဖြင့် ဗစ်တိုးရီးယားပြည်နယ်အစိုးရက ဆုံးဖြတ်ခဲ့ပြီးနောက် ယင်းဖြေလျှော့မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

အဝင်အထွက်ကန့်သတ်မှုများ ဖြေလျှော့ပေးခဲ့ပြီး ဘားဆိုင်များ၊ အခြားအဆောက်အအုံများနှင့် စားသောက်ဆိုင်များတွင် လူအများဆိုင်ထိုင်စားသောက်ခွင့်ပြုပေးခဲ့သည်။

 

ထိုဒေသတွင် အချို့သောကန့်သတ်ချက်များ ဆက်လက်တည်ရှိနေသေးသည်။

 

မြို့တော်မဲလ်ဘုန်းဒေသခံများသည် ၂၅ ကီလိုမီတာအကွာအဝေးသာလျှင် ခရီးသွားလာနိုင်သည်။ကဖေးဆိုင်များနှင့် စားသောက်ဆိုင်များအတွင်း လူဦးရေ အများဆုံး ၂၀ ခန့်သာရှိရမည် ဖြစ်သည်။

 

ဗစ်တိုးရီးယားပြည်နယ်ဝန်ကြီးချုပ် ဒန်အန်ဒရူးစ်က ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှုများလျော့ကျမှုကို ထိန်းထားရန် ကူးစက်ရောဂါတိုက်ဖျက်ရေ းအစီအမံများကို ဆက်လက်လုပ်ဆောင်သွားရန် ပြည်သူများကို တိုက်တွန်းပြောကြားခဲ့သည်။

 

အဆိုပါပြည်နယ်သည် ဩစတြေးလျနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုအများဆုံးနိုင်ငံဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို