မတ် ၈

 

ဩစတြေးလျနိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းတွင် မုန်တိုင်းများ၊ လေပြင်းများ တိုက်ခတ်မှုနှင့် ရေကြီးမှုတို့ကြောင့် ရာနှင့်ချီသောလူများသည် ၎င်းတို့၏ပျက်စီးသွားသောနေအိမ်များမှ ထွက်ပြေးခဲ့ရပြီး နယူးဆောက်သ်ဝေးပြည်နယ်တွင်  ခုနစ်ဦးနှင့် ကွင်းစလန်ပြည်နယ်တွင် ၁၃ ဦးထက်မနည်း သေဆုံးခဲ့သည်။

 

နောက်ဆုံးသေဆုံးသူနှစ်ဦးသည် မိခင်တစ်ဦးနှင့် ၎င်း၏အရွယ်ရောက်ပြီးသားတစ်ဦးတို့ဖြစ်ဖွယ်ရှိပြီး ၎င်းတို့လိုက်ပါသော ကားတစ်စီးသည် ဆစ်ဒနီအနောက်ဘက် ရေမြောင်းအတွင်းသို့မျောပါသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယနေ့တွင်အတည်ပြုခဲ့သည်။

 

ရေကြီးမှုအများဆုံးဒဏ်ခံရသော ဒေသများအနက်တစ်ခုဖြစ်သော နယူးဆောက်သ်ဝေးပြည်နယ်မြောက်ပိုင်း လစ်မိုကျေးလက်ဒေသတွင်  ပြီးခဲ့သည့်စနေ၊ တနင်္ဂနွေက ရေအမှတ် ၁၄ ဒသမ ၅ မီတာအထိမြင့်တက်လာသဖြင့် လူငါးဦး ရေနစ်သေဆုံးခဲ့သည်။

 

မိုးလေဝသပညာရှင် တွမ်ဟုရှ်က အရှေ့ဘက်ကမ်းရိုးတန်းဒေသအတွင်း အားကောင်းသော လေဖိအားနည်း ရပ်ဝန်းသည် ဗုဒ္ဓဟူးနေ့တွင် စတင်အားလျော့ခြင်းမပြုမီ အင်္ဂါနေ့တစ်နေ့လုံး မိုးသည်းထန်စွာရွာသွန်းမည်ဟု ခန့်မှန်းထားကြောင်း ပြောကြားသည်။

 

ဗုဒ္ဓဟူးနေ့သန်းခေါင်ယံအထိ ခန့်မှန်းချက်အရ  နယူးဆောက်သ်ဝေးတောင်ဘက်ကမ်းရိုးတန်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးရေချိန် ၁၀ မီလီမီတာအထက်ရှိနိုင်ပြီး အခြားဒေသများတွင် ၂၅ မှ ၅၀ မီလီမီတာအထိရှိနိုင်သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို