ကင်ဘာရာ ဇန်နဝါရီ ၂၅
ဩစတြေးလျနိုင်ငံသည် အသက် ၁၈ နှစ်အထက် အသက်အရွယ်ရှိသူများအား Novavax ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရန် ယနေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
ဩစတြေးလျနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်တွင် အသုံးပြုရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး AstraZeneca၊ Moderna နှင့် Pfizer တို့ကို အတည်ပြုပေးခဲ့ပြီးဖြစ်ခြင်းကြောင့် Novavax ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် ဩစတြေးလျနိုင်ငံ၌ အသုံးပြုရန် အတည်ပြုပေးခဲ့သည့် လေးခုမြောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။
ဩစတြေးလျနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့က အဆိုပါ Novavax ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံရာတွင် အသုံးပြုရန် လွန်ခဲ့သည့် သီတင်းသုံးပတ်တာ ကာလအတွင်းက အကြံပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဩစတြေးလျနိုင်ငံအစိုးရသည် အဆိုပါ Novavax ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးအလုံးရေ ၅၁ သန်းအား ဖေဖော်ဝါရီလအတွင်း ထိုးနှံပေးနိုင်ရန် ညွှန်ကြားထားကြောင်း ဩစတြေးလျကျန်းမာရေးဝန်ကြီး ဂရက်ဟွန့်က ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ၊
ဘာသာပြန်-အလင်းသစ်