၂၇ ဇူလိုင်
ဩစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုး ပြန်လည်ဖြစ်ပွားချိန်ကစပြီး ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အရေအတွက်ဟာ အနည်းဆုံး ၅၄၉ ဦးတွေ့ရှိတဲ့အတွက် မှတ်တမ်းတင်နိုင်တဲ့ အရေအတွက်ဖြစ်ကြောင်း ဒီနေ့(တနင်္လာနေ့) မှာ ထုတ်ပြန်ပါတယ်။
ဗိုင်းရပ်စ်ပိုး ပျံ့ပွားနေတဲ့ ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘုန်းမြို့မှာ ဒုတိယအကြိမ် ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်မှုကို ထိန်းချုပ်ရန် မျှော်လင့်ထားတာထက် အချိန်ပိုကြာနေကြောင်း တာဝန်ရှိသူတွေက ဝန်ခံပြောကြားပါတယ်။
ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန်အတွက် မဲလ်ဘုန်းမြို့နဲ့ မစ်ချယ် ရှိင်းယားမှာ ဇူလိုင် ၈ ရက်နေ့ကနေ ဩဂုတ် ၁၉ ရက်နေ့အထိ အိမ်တွင်းမှာဘဲ နေထိုင်ရန် အမိန့်ထုတ်ထားပါတယ်။ ဇူလိုင် ၂၂ ရက်နေ့ကစပြီး အဲဒီမြို့တွေမှာ နေထိုင်သူတွေကို အိမ်ကနေထွက်တာနဲ့ တပြိုင်နက် မျက်နှာဖုံး ဝတ်ဆင်ဆင်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ ဇူလိုင် ၈ ရက်နေ့မှစပြီး ဗစ်တိုးရီးယား ပြည်နယ်ရဲ့ နယ်စပ်ဂိတ်တွေကိုလည်း ပိတ်ပင်ထားပါတယ်။
ဒါ့အပြင့် အဲဒီမြို့တွေမှာ နေထိုင်သူတွေဟာ အကြောင်းလေးချက်ရှိမှသာ အပြင်ထွက်ရန် (၁) အစားအစာနဲ့ အရေးကြီးပစ္စည်းဝယ်ယူရန်၊ (၂) နေအိမ်မှ အလုပ်လုပ်ရန် မဖြစ်သူနဲ့ နေအိမ်မှ ပညာသင်ကြားရန် မဖြစ်နိုင်သူများသာ နေအိမ်မှအပြင်ထွက်ရန်၊ (၃) ကျန်းမာရေးစောင့်ရှောက်မှု ရယူရန် သို့မဟုတ် ပေးရန်နဲ့ (၄) ကိုယ်လက်လေ့ကျင့်ခန်း လုပ်ရန်မှလွဲပြီး နေအိမ်ကနေ အပြင်မထွက်ရန် ညွှန်ကြားပါတယ်။
ဗိုင်းရပ်စ်ပိုး ကူးစက်သူ အရေအတွက်မှာ စုစုပေါင်း ၁၄,၉၃၅ ဦး ရှိပြီး သေဆုံးသူ ၁၆၁ ထိ ရှိသွားကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP