ဇန်နဝါရီ ၆

 

ဩစတြေးလျနိုင်ငံတွင် နှစ်သစ်ကူးကာလအတွင်း အိုမီခဓရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ပိုမိုမြင့်တက်လာသည်။

 

ယမန်နှစ်နှောင်းပိုင်းက နယ်စပ်ဒေသများ ပြန်လည်ဖွင့်လှစ်မှုစတင်ခဲ့ပြီးနောက် ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံသားများ ကွာရန်တင်းဝင်ရန်မလိုအပ်တော့သည့် နောက်ပိုင်းတွင် ရောဂါကူးစက်မှုများ မြင့်မားလာခြင်း ဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် ယမန်နေ့က ကိုဗစ်ရောဂါ ကူးစက်ခံရသူဦးရေ ၆၀၀၀၀ ကျော်ရှိခဲ့သည်။ လူဦးရေအထူထပ်ဆုံးပြည်နယ်နှစ်ခုဖြစ်သော နယူးဆော့သ်ဝေးနှင့် ဗစ်တိုးရီးယားပြည်နယ်တို့တွင် ကူးစက်မှု အများဆုံးဖြစ်သည်။

 

နယူးဆောသ်ဝေးပြည်နယ်ရှိ မြို့တော်ဆစ်ဒနီတွင် ရောဂါကူးစက်ဖြစ်ပွားသူဦးရေမှာ ပြီးခဲ့သည့်လကထက် အဆတစ်ရာကျော် ပိုမိုမြင့်တက်လာသည်။

 

ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က အစိုးရအဖွဲ့အစည်းအဝေးတစ်ရပ်ကို ယမန်နေ့က ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် အစိုးရအဖွဲ့ကပြည်သူများအား ကိုဗစ်ကူးစက်မှုရှိ၊ မရှိစမ်းသပ်စစ်ဆေးသည့် ပစ္စည်း ကိရိယာများ လုံလောက်မှုရှိစေရေး စီမံချက်နှင့်ပတ်သက်ပြီး အစိုးရအဖွဲ့က ဆွေးနွေးခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို