ကင်ဘာရာ  ၂၀ မေ  

လေဘာပါတီခေါင်းဆောင် ဘေရှော့တန်းသည် စနေနေ့က ပြုလုပ်သော  ဩစတြေးလျ      ရွေးကောက်ပွဲတွင်      အရေးနိမ့်ခဲ့ကြောင်း သိရသည်။ ၄င်းသည်  ဩစတြေးလျ  လေဘာပါတီခေါင်းဆောင်နေရာမှ လည်း နုတ်ထွက်သွားခဲ့သည်။

ယင်းသို့      ကြေညာမှု    မပြုလုပ်မီ   ဩစတြေးလျ    ရုပ်သံကော်ပိုရေးရှင်းမှ  ရွေးကောက်ပွဲ  သုတေသီ  အန်တိုနီဂရင်းက လက်ရှိဝန်ကြီးချုပ်  စကောက်မော်ရစ်ဆင် ဦးဆောင်သည့် လစ်ဘရယ် အမျိုး သားညွန့်ပေါင်းပါတီ LNP ပါတီက အနိုင် ရလိမ့်မည်ဟု  ခန့်မှန်းခဲ့သည်။  လေဘာ ပါတီသည်အစိုးရအဖွဲ့  ဖွဲ့ရန်မဖြစ်နိုင်တော့ကြောင်း  ဘေရှော့တန်းက  မဲရာခိုင်နှုန်း ၆၈ ရာခိုင်နှုန်း ရေတွက်ပြီးချိန်တွင် ပြောသည်။

ယခုယှဉ်ပြိုင်မှုသည်    ခက်ခဲသည့် ယှဉ်ပြိုင်မှုဖြစ်ပြီး              မိမိတို့အားလုံး ရလဒ်ကို  လေးစားရန် လိုအပ်ကြောင်း၊  ဩစတြေးလျပြည်သူများ၏        ဆန္ဒကို လေးစားရန်လိုအပ်ကြောင်း ၄င်းက ဆက်ပြောသည်။  ဘေရှော့တန်းသည် ၂၀၁၃ ခုနှစ်က လေဘာပါတီ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ပါတီကိုဦးဆောင်ခဲ့သည်။ လေဘာပါတီ၏      လာမည့်အောင်မြင်မှု များသည်            ခေါင်းဆောင်အသစ်နှင့် အတူ    ဖြစ်ပေါ်လာမည်ဖြစ်ပြီး   လာမည့်ရွေးကောက်ပွဲတွင်    လေဘာပါတီ  အနိုင်ရလိမ့်မည်ဟု    ယုံကြည်ကြောင်း    ပြောခဲ့သည်။

စကောက်မော်ရစ်ဆင်သည်  ဩစတြေးလျနိုင်ငံ၏ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်ဖြစ်ပြီး LNP ပါတီတွင် မယ် ကွန်တန်ဘဲ့လ်၏  နေရာ၌  အစားထိုးခန့် အပ်ခဲ့ခြင်းဖြစ်သည်။ မဲဆွယ်စည်းရုံးရေး ကာလအတွင်း    ၄င်းသည်  ဘဏ္ဍာရေး တည်ငြိမ်မှု၊ တိုင်းပြည်အတွင်း တည်ငြိမ် အေးချမ်းမှုနှင့်  အခွန်ဖြတ်တောက်မှုတို့ အတွက် ကတိပြု ပြောကြားခဲ့သည်။ ရွေးကောက်ပွဲမတိုင်မီ လူထုဆန္ဒကောက်ယူမှုများအရ လေဘာပါတီက အနိုင်ရရှိလိမ့်မည်ဟု ခန့်မှန်းမှုများ ထွက်ပေါ်ခဲ့သည်။

ဘေရှော့တန်းကမူ      ပါတီခေါင်း ဆောင်အဖြစ်  နောက်တစ်ခါ  ထပ်မံရွေး ကောက်ခံတော့မည်မဟုတ်ဟု ပြောကြားခဲ့သည်။ နောက်ဆုံးရလဒ်များ မသိရသေးသော်လည်း မဲအရေအတွက် ၇၅  ရာခိုင်နှုန်း    ရေတွက်ပြီးချိန်တွင်    လစ်ဘရယ် အမျိုးသားညွန့်ပေါင်းပါတီ    LNP  ပါတီက  အနိုင်ရရှိလျက်ရှိကြောင်း သိရသည်။

ဆင်ဟွာ