ကင်ဘာရာ   မေ   ၂၃

 

လက်ရှိဝန်ကြီးချုပ် စကော့မောရစ်ဆင်သည် ဩစတြေးလျနိုင်ငံ၌မေ ၂၁ ရက်က ကျင်းပခဲ့သည့်  ၂၀၂၂  ခုနှစ် ဖက်ဒရယ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

 

ဝန်ကြီးချုပ် စကော့မောရစ်ဆင်သည် မေ ၂၁ ရက်ညပိုင်းက ပြောကြားခဲ့သည့် မိန့်ခွန်းတစ်ရပ်တွင် ရွေးကောက်ပွဲ    အနိုင်ရရှိခဲ့သည့် အတိုက်အခံ အလုပ်သမားပါတီခေါင်းဆောင် အန်သိုနီအယ်လ် ဘာနိစ်အား ချီးကျူးဂုဏ်ပြုပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 

အလုပ်သမားပါတီသည် ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်တော့မည် ဖြစ်ကြောင်းနှင့် အတိုက်အခံခေါင်းဆောင် အယ်လ်ဘာနိစ်သည်လည်း ဩစတြေးလျနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်ကြောင်း ဩစတြေးလျ ရုပ်သံလွှင့်ကော်ပိုရေးရှင်း (အေဘီစီ) က မေ ၂၁ ရက် ညပိုင်းတွင် သတင်း ဖော်ပြခဲ့သည်။

 

ဩစတြေးလျရွေးကောက်ပွဲတွင် အလုပ်သမားပါတီ အနိုင်ရရှိခဲ့ခြင်းသည် လစ်ဘရယ်အမျိုးသား ညွန့်ပေါင်းပါတီ၏ ကိုးနှစ်နီးပါးကြာ အာဏာရယူထားမှု အဆုံးသတ်ခဲ့ခြင်းလည်းဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်