ကင်ဘာရာ မတ် ၃

 

ဩစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရကြောင်း ယနေ့သတင်းများအရ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရသော်လည်း ဝန်ကြီးချုပ် မောရစ်ဆင်သည် နိုင်ငံ့တာဝန်များကို ဆက်လက်ထမ်းဆောင် လျက်ရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက ဆိုသည်။

 

ဝန်ကြီးချုပ်သည် ဖျားနာမှုဝေဒနာများခံစားရပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရကြောင်း ယမန်နေ့ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

 

လက်ရှိတွင် ဝန်ကြီးချုပ်သည် ဆစ်ဒနီမြို့ရှိ ၎င်း၏နေအိမ်မှ လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။ အဆိုပါတာဝန်များအနက် ယူကရိန်းအရေးဆိုင်ရာ တုံ့ပြန်မှုများလည်း ပါဝင်သည်။

 

ဩစတြေးလျနိုင်ငံ၌ ဖေဖော်ဝါရီလလယ်ပိုင်းမှစပြီး ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်မှုအရေအတွက် သိသာစွာ မြင့်တက်လျက်ရှိကြောင်း သိရသည်။ ။

 

ကိုးကား- အင်န်အိတ်ချ်ကေ၊

ဘာသာပြန်- အောင်ကျော်ကျော်