၁၆ နိုဝင်ဘာ

 

 

ဩစတြီးယားနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု တားမြစ်ရန်အတွက် ဒုတိယအကြိမ် အသွားအလာ ကန့်သတ်မှု (lockdown) တားမြစ်ချက်ကို အထောက်အကူပြုရန် လူအမြောက်အမြားကို ပိုးစစ်ဆေးပေးမယ်လို့ ဝန်ကြီးချုပ် စဘတ်စတိုင်း ကတ်ဇ် က တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။

 

 

အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ စလိုဗက်ကီးယားမှာ တစ်နိုင်ငံလုံးအား ဗိုင်းရပ်စ်ပိုး စစ်ရေး စီမံကိန်းလို မျိုး လုပ်ဆောင်ဖို့ ဩစတြီးယား အစိုးရက ဆုံးဖြတ်လိုက်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

 

စလိုဗက်ကီးယားမှာ လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်ခန့်က တစ်နိုင်ငံလုံးအား ဗိုင်းရပ်စ်ပိုးစစ်ဆေးမှု ပြုလုပ်ရာ ပိုးတွေ့ရှိမှု တစ်ရာခိုင်နှုန်းကျော်သာ တွေ့ရှိခဲ့ပါတယ်။

 

 

ဝန်ကြီးက မနက်ဖြန် အင်္ဂါနေ့စပြီး ဒီဇင်ဘာ ၆ ရက်နေ့အထိ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကူ းစက်မှု ထိန်းချုပ်ရန် စည်းမျဉ်းသစ်တွေကို စနေနေ့က ချမှတ်ခဲ့ပါတယ်။

 

 

လူဦးရေ ၈.၈ သန်း နေထိုင်တဲ့ ဩစတြီးယား နိုင်ငံဟာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ပထမလှိုင်းကို အောင်မြင်စွာ ကျော်လွှားနိုင်ပေမယ့် ဒုတိယလှိုင်း ဖြစ်ချိန်မှာ ပိုးတွေ့သူ များပါတာကို တွေ့ရပါတယ်။ တနင်္ဂနွေနေ့က ပိုးတွေ့ရှိသူ ၅,၆၆၅ ဦး ရှိ ကြောင်းသိရပါတယ်။

 

 

လက်ရှိချိန်မှာ အရေးပေါ် ကုသဆောင်ရဲ့ ခုတင် ၂,၀၀၀ မှာ  ၆၀၀ နီးပါးမှာ  လူနာတွေကို လက်ခံကုသနေရကြောင်း သိရပါတယ်။

 

 

ဩစတြီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံး ၁,၈၂၉၀၀ ရှိပြီး ပိုးတွေ့သူ စုစုပေါင်း ၂၀၃,၉၅၆ ဦး ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

a2