ဩစတြီးယားနိုင်ငံ၌ နှင်းထုပြိုကျမှုကြောင့် သုံးဦးသေဆုံး

ဧပြီ ၁၂

ဩစတြီးယားနိုင်ငံ အယ်လ်ပိုင်းပြည်နယ်တွင် ယမန်နေ့မနက်ပိုင်းက နှင်းထုပြိုကျမှုကြောင့် နှင်းလျှောစီးသမားသုံးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။ နှင်းထုပြိုကျသဖြင့် နှင်းလျှောစီးသမား ၁၇ ဦးပါဝင်သောအုပ်စုမှ လေးဦးမျောပါသွားခဲ့ရာ သုံးဦးသေဆုံး၊ တစ်ဦးကိုဆေးရုံသို့ပို့ဆောင်ပေးခဲ့သော်လည်း ၎င်း၏အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ နှင်းထုပြိုကျမှုဖြစ်ပွားချိန်က ထိုနှင်းလျှောစီးသမား ၁၇ ဦးပါသောအုပ်စုသည် နယ်သာလန်နိုင်ငံမှဖြစ်ပြီး ၎င်းအုပ်စုနှင့် ဩစတြီးယားတောင်လမ်းပြလေးဦးတို့သည် Soelden နှင်းလျှောစီးအပန်းဖြေစခန်း အနီး အပျော်ခရီးထွက်လာခြင်းဖြစ်သည်ဟု ဩစတြီးယားရုပ်သံလွှင့်ဌာန အိုအာအက်ဖ်က ဖော်ပြထားသည်။  အလျား ၁၈၀ မီတာနှင့် အကျယ် ၈၀ မီတာရှိသောနှင်းထုပြိုကျခဲ့သည်ဟု သိရသည်။ ယင်းနှင်းလျှောစီးအုပ်စုမှကျန်ရှိနေသော ၁၃ ဦးနှင့် ဒေသခံလမ်းပြလေးဦးတို့မှာ ဒဏ်ရာရရှိမှုမရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို