နေပြည်တော် ၁၂ ဩဂုတ်
ယနေ့တွင် ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ တစ်ဦးထပ်မံတွေ့ရှိသဖြင့် ရောဂါပိုးရှိသူ စုစုပေါင်း ၃၆၁ ဦးရှိသွားပြီ ဖြစ်ကြောင်း၊ ပိုးတွေ့ရှိသူ တစ်ဦးမှာ အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူ ၃၆၁ ဦးအနက် သေဆုံးသူ ၆ ဦး၊ ပိုးမတွေ့ရှိတော့သူ စုစုပေါင်း ၃၁၈ ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၁၀ ရှိကြောင်းနှင့် ဩဂုတ် ၁၁ ရက် မွန်းတည့် ၁၂ နာရီမှ ဩဂုတ် ၁၂ မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၁၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
သတင်းစဉ်