ရန်ကုန် ဇွန် ၇
ONE Friday Fights 111 ပြိုင်ပွဲကို ဇွန် ၆ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပရာ မြန်မာဖိုက်တာ ဆွန်ရက်သည် ထိုင်း ဖိုက်တာပက်ဝီချစ်ကို အမှတ်ဖြင့် အနိုင်ယူခဲ့သည်။
ဆွန်ရက်သည် ပြိုင်ဘက် ဟောင်းဖြစ်သူ ထိုင်းနိုင်ငံသား ပက်ဝီချစ်နှင့် ထိုးသတ်ခဲ့ရပြီး ပထမအကြိမ် တွေ့ဆုံရာတွင် အမှတ်ဖြင့် အနိုင်ရခဲ့သလို ယခုပွဲတွင်လည်း အမှတ်ဖြင့်အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ဆွန်ရက်သည် အမှတ်ရနိုင်သည့် လက်သီးချက်များ အချီတိုင်း ပစ်သွင်းနိုင်သဖြင့် အမှတ်ဖြင့် ဆုံးဖြတ်ရာတွင် သိသိသာသာ အသာရခဲ့ခြင်း ဖြစ်သည်။
ဆွန်ရက်သည် ONE နှင့် ၁၂ ပွဲမြောက် ထိုးသတ်ရာတွင် ခုနစ်ပွဲ မြောက် နိုင်ပွဲရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
သော်လေး၊
ဓာတ်ပုံ-ONE Championship