ဆင်ပေါင်ဝဲ ၊ ၁၁ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ OnLine မှတစ်ဆင့် ကလေးသူငယ် ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက ဆင်ပေါင်ဝဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုဝင်းက OnLine မှ တစ်ဆင့် အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး ၊ မြို့နယ် Good Neighbors InternationaL Myanmar ( ဆင်ပေါင်ဝဲ ) စီမံချက်တာဝန်ခံ ဦးသန်းလင်းအောင်က ကလေးသူငယ်တွေ ဘဝလုံခြုံ စိတ်ချမှုရှိစေဖို့ ၊အသက် (၁၈) နှစ်မပြည့်သေးသော သူများကို ကလေးသူငယ်ဟု ခေါ်ဆိုကြောင်း၊ ကလေးသူငယ်များအား လွဲမှားစွာပြုမူခြင်း ၊ လျစ်လျူရှု့ခြင်း ၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း နှင့် အကြမ်းဖက်ခြင်း စသည့် အန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ခြင်း ၊ ကလေးသူငယ်အခွင့်အရေး၏ အဓိက အမျိုးအစား လေးမျိုးရှိကြောင်း ကလေးသူငယ်နှင့် ပတ်သက်သည့် ပြသနာများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ သတင်းပို့ဆက်သွယ်တိုင်ကြားခြင်းဖြင့် ပူးပေါင်း ပါဝင်ကြရန် ပြောကြားပြီးယခု Online မှတစ်ဆင့် ကလေး သူငယ်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကို ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချိုချိုဝင်း(ပြန်/ဆက်)


