ကျောက်ပန်းတောင်း ဇွန် ၂၈

 

မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲက ကျောက်ပန်းတောင်းမြို့နယ် ရွာမကျေးရွာ၌ ပျားမွေးမြူရေး ပြည်သူအသိပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဖွင့်လှစ်သည်။

 

သင်တန်းတွင် မြို့နယ်ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ တာဝန်ခံ ဦးသံဒိုင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ မြို့နယ်တာဝန်ခံက သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူ ၂၀ အား ပျားဘုရင်မ မွေးမြူခြင်းအဆင့် (၂) ရောဂါကာကွယ်ကုသခြင်းနှင့် ပျားမွေးမြူရေးနည်းစနစ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြကြောင်းနှင့် သင်တန်းကို ဇွန် ၂၅ ရက်မှ ၂၈ ရက်အထိ လေးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စွာ(ပြန်/ဆက်)