ပြင်ဦးလွင် မတ် ၁၂

ပြင်ဦးလွင်- လားရှိုး ကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS)အား နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်းတစ်ခုအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကာ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်လေ့လာ အပန်းဖြေသူများဖြင့် စည်ကားများပြားလျက်ရှိရာ ယနေ့တွင် လာရောက် လည်ပတ်သည့် ဧည့်သည်နှစ်သန်း ပြည့်မြောက်ခဲ့ပြီး ဖြစ်သည်။

အဆိုပါ နှစ်သန်းပြည့် လာရောက်သည့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ဧည့်သည်အား ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း(BE.FALLS)မှ တာဝန်ရှိသူများက ဧည့်သည်ဝင်ရောက်မှု နှစ်သန်းပြည့် အမှတ်တရအဖြစ် လက်ဆောင်ပန်းစည်း၊ ဂုဏ်ပြု Trophy ၊ အပန်းဖြေစခန်းသို့ တစ်နှစ်စာ အခမဲ့ဝင်ရောက်ခွင့် (Gold Card) နှင့် အမှတ် တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး နှစ်သန်းပြည့် ဧည့်သည်နှင့်အတူ ပါရှိလာသည့် ၎င်း၏မိသားစုဝင်များအား အပန်းဖြေစခန်းနှင့် မှန်တံတားဝင်ခွင့်၊ Sky Cable Car စီးနင်းမှုနှင့် ဘာဂီ စီးနင်းလည်ပတ်ခြင်းများကို အခမဲ့ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်