ပဲခူး နှင့် ကျောက်တံခါးမြို့နယ်တို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်  ၁၅  ဖေဖော်ဝါရီ 

 

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် CMRS ဖြင့် သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီ ၁၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ဦးစီးအရာရှိ၊ ရွှေကျင်နှင့် ညောင်လေးပင် မြို့နယ်ဦးစီးမှုများနှင့် သစ်တောဝန်ထမ်းများ၊ သစ်တောရဲတို့ပါဝင်သော ခရိုင် ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ တောင်ဇာမရီကြိုးဝိုင်းနှင့် မြောက်ဇာမရီကြိုးဝိုင်းများအတွင်း တရားမဝင်သစ် ရှာဖွေဖမ်းဆီးခြင်းဆောင်ရွက်ရာ ကျွန်းခွဲသား(၂၅)တန်ကျော်နှင့် ပေါင်(၉၀)ဝင် မီးသွေးအိတ်(၂၉၀)အိတ်တို့အား ဖမ်းဆီးရမိခဲ့သည်။

 

received_4

 

အလားတူဒိုက်ဦးမြို့နယ် ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ သစ်တောရဲတို့ပါဝင်သော ခရိုင် ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ကြိုးဝိုင်း၊ ရဲနွယ်ဆည်အတွင်းနှင့် ပိန်းချောင်း တစ်လျှောက် နယ်မြေရှင်းလင်းရာကျွန်း/ ပျဉ်းကတိုး/ အခြားခွဲသားများ တန်(၂၀)ကျော်ခန့်၊ ချိန်းဆော(၄) လုံး (၁ လုံးပျက်- ၃ လုံးကောင်း)၊ မီးသွေးအိတ်(၁၂၀)နှင့် အင်ဂျင်မပါ စက်လှေအသစ်(၁)စီး၊ တို့အား ဖမ်းဆီးရမိခဲ့ပြီး၊ ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်းသစ်တောဦးစီးဌာနမှ သိရသည်။ 

 

မောင်မောင်မျိုး

 

received_180731