ဝေါ  အောက်တိုဘာ  ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် မိုးစပါးမျိုးစေ့ထုတ် စံပြစပါးကွက်များ ရိတ်သိမ်းခြင်းကို  အောက်တိုဘာ ၃၀ ရက် နံနက် ၁၀  နာရီတွင် ကျိုက်လှကျေးရွာ၊ ကွင်းအမှတ်(၆၈/၇၁)၊ တောင်သူ ဒေါ်ရီရီစိန်၏   စံပြစပါးကွက်များတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုးစပါးမျိုးစေ့ထုတ် စံပြစပါးကွက်များ ရိတ်သိမ်းနေမှုကို ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးဝင်းနှင့် ခရိုင်ဦးစီးမှူး၊ ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု အားပေးကြောင်း သိရသည်။

အဆိုပါ မိုးစပါးမျိုးစေ့ထုတ် စံပြစပါးကွက်များ ဆင်းသုခစပါးမျိုးကိုစိုက်ပျိုးထားပြီး၊ ဒသမတစ် ဧကကို ရိတ်သိမ်းရာ အစိုအထွက်စပါး (၁၀၀ဒသမ၁၅) ထွက်ရှိကြောင်း သိရသည်။ 

စိုးမိုး(ပြန်/ဆက်)