ပဲခူး ဩဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီးဌာန ကွပ်ကဲမှုအောက်ရှိ ပဲခူးမြို့နယ်၊ ကဝမြို့နယ်၊ ဝေါမြို့နယ်နှင့် သနပ်ပင်မြို့နယ်များ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

ပဲခူးမြို့နယ်၌အရှည် ၁၂၆၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းလုပ်ငန်း သုံးခု၊ အရှည် ၈၃၄၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးရွာတွင်းလမ်း ဂဝံမြေခင်းခြင်းလုပ်ငန်း ခြောက်ခု၊ တစ်နာရီရေသန့်ဂါလံ ၂၀၀ ကျော်ထွက်ရှိသည့် ရေသန့်စင်စက် တပ်ဆင်ခြင်းလုပ်ငန်း ကိုးခု၊ စုစုပေါင်းလုပ်ငန်း (၁၈)ခုကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် ၁၃၅ သန်း၊ ကဝမြို့နယ်၌ အရှည် ၄၅၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်ရှိသော ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း တစ်ခု၊ အရှည် ၁၈၀၀ ပေ၊ အကျယ် ၃ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးရွာတွင်းလမ်း ဘီးနင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း နှစ်ခု၊ အရှည် ၁၄၉၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးရွာတွင်း ဂဝံမြေခင်းခြင်းလုပ်ငန်း လေးခု၊ စုစုပေါင်းလုပ်ငန်း ၇ ခုကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် ၁၀၅ သန်း၊ ဝေါမြို့နယ်၌ အရှည် ၄၂၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း တစ်ခု၊ အရှည် ၇၆၁ ပေ၊ အကျယ် ၃ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးရွာတွင်း ဘီးနင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း တစ်ခု၊ အရှည် ၈၃၅၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးရွာတွင်းလမ်း ဂဝံမြေခင်းခြင်းလုပ်ငန်း ငါးခု၊ တစ်နာရီရေသန့်ဂါလံ ၂၀၀ ကျော်ထွက်ရှိသည့် ရေသန့်စင်စက် တပ်ဆင်ခြင်းလုပ်ငန်း ခုနစ်ခု၊ စုစုပေါင်းလုပ်ငန်း(၁၄)ခုကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် ၁၀၅ သန်း၊ သနပ်ပင်မြို့နယ်၌ အရှည် ၄၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း တစ်ခု၊ ၈၇၀၂၅ ကုဗပေရှိ မြေသားရေကန်အနက်နှိုက်ခြင်းနှင့် အရှည် ၆၀၀ ပေရှိသော ခြံစည်းရိုးကာရန်ခြင်းလုပ်ငန်း၊ အရှည် ၁၄၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးရွာတွင်းလမ်း ဂဝံမြေခင်းခြင်းလုပ်ငန်း တစ်ခု၊ စုစုပေါင်းလုပ်ငန်း သုံးခုကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် ၄၅ သန်း အသုံးပြုပြီး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများ၏ နည်းပညာကူညီပံ့ပိုးမှု၊ အနီးကပ်ကြီးကြီးကြပ်မှုဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် ဇွန်လ ပထမပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးကြောင်း၊ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုကြောင့် ပဲခူးမြို့နယ်၊ ကဝမြို့နယ်၊ ဝေါမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့ရှိ ကျေးရွာ ၂၆ ရွာမှ အိမ်ခြေ ၅၆၉၅ အိမ်မှ လူဦးရေ ၂၅၇၃၁ ဦးတို့၏ လူနေမှုအဆင့်အတန်း ယခင်ကထက် ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း ပဲခူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကိုနိုင်(ကျေးလက်)