နေပြည်တော် ၁၅ ဇူလိုင်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ တွင် သန်လျင် မဲဆန္ဒနယ်မှ ဦးလွင်ကိုလတ်က ပဲခူးမြစ်ကူးတံတား (သံလျင် တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းအား စီမံကိန်း မျှော်မှန်းကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိ၊ လက်ရှိစီမံကိန်း ဆောင်ရွက်မှုအခြေအနေ မည်သည့် အဆင့်ရောက်ရှိနေကြောင်းနှင့် စီမံကိန်းတံတားကို မည်သည့်ဒီဇိုင်းဖြင့် တည်ဆောက်နေသည်ကို သိလို၍ မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးကျော်လင်းက ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)သည် သန်လျင်မြို့နယ်နှင့် သာကေတ မြို့နယ်တို့ကို ဆက်သွယ်ပေးမည့် Landmark တံတားဖြစ်သည့်အတွက် တံတားပုံစံလှပစေရန်နှင့် တံတားအဝင်/အထွက် လမ်းကြောင်းများလှပပြီး အဆင်ပြေစေရန်တို့ကိုပါ ထည့်သွင်းညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း၊ တံတား၏အရှည်သည် ၃၅၀ဝ မီတာရှိပြီး ပင်မတံတားကို Cable Stayed Bridge နှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)ကို Cable Stayed Bridge ၊ Steel Box Girder + PC Box Girder Bridge နှင့် Flyover Bridge ပုံစံတို့ဖြင့် တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် စတင်တည်ဆောက်နေပြီး ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ပြီးဆုံးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
MDN
Photo Credit.ပြည်သူ့လွှတ်တော်