ပဲခူး သြဂုတ် ၁၄

 

ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ် (၈၈၀)အထက် ကျော်လွန်ရောက်ရှိ၍ မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၃)ရပ်ကွက်၊ ကျေးရွာ (၆)ရွာတို့တွင် ရေဝင်ရောက်ပြီး ရေကြီးမှုဖြစ်ပေါ်လာသဖြင့် ယာယီရေဘေးရှောင်စခန်း (၃၈)ခု ဖွင့်လှစ်ကာ ရေဘေးရှောင်ပြည်သူ ၁၅၃၉၅ ဦးအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အဖွဲ့အစည်းအသီးသီးမှ ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြရသည်။

 

ယခုအခါ ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်အောက် ပြန်လည်ကျဆင်းသွားသောကြောင့် ဖွင့်လှစ်ထားရှိသော ယာယီရေဘေးရှောင်စခန်း (၃၈)ခုအနက်မှ သြဂုတ် ၁၃ ရက် ညနေ ၄ နာရီတွင် ရပ်ကွက်/ကျေးရွာ (၇)ခုမှ ယာယီရေဘေးရှောင်စခန်း (၁၃)ခုအားလည်းကောင်း၊ ယနေ့ သြဂုတ် ၁၄ ရက်န မွန်းတည့် ၁၂ နာရီတွင် ရပ်ကွက်/ကျေးရွာ (၁၄)ခုမှ ယာယီရေဘေးရှောင်စခန်း (၂၅)ခုအားလည်ကောင်း ပိတ်သိမ်းခဲ့သဖြင့် ရေဘေးရှောင်ပြည်သူများမှ မိမိတို့နေရပ်အသီးသီးသို့ ပြန်သွားကြကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)