ပဲခူး ၁၆ ဇန်နဝါရီ

ပဲခူးမြို့၊ ဥဿာမြို့သစ်၊ () ရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ () ထပ် စုပေါင်းရုံးတွင် ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဖြစ်သည့် မြေငလျင်ဘေးအန္တရာယ် ကြုံတွေ့လာပါက အရေးပေါ် ရှာ‌ဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များက တပ်ခွဲအဆင့် မြေငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်‌လေ့ကျင့်သရုပ်ပြခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ အစိုးရအဖွဲ့ အတွင်း‌ရေးမှူး ဦးစိုးသိန်းနှင့် ဌာနဆိုင်ရာများ၊ ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူးဦးမျိုးဝင်း၊ ဒုတိုင်းဦးစီးမှူး ဦးကျော်ကျော်၊ ပဲခူးခရိုင် မီးသတ်ဦးစီးမှူး ဦးဟိန်းသူဟန်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

IMG_6104

 

မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေးဖြစ်သည့် အင်အားပြင်းထန်သော ငလျင်ဘေးအန္တရာယ် ဖြစ်ပွားလာပါက သတင်းရလျင်ရခြင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မီးငြိမ်းသတ်နိုင်ရေးနှင့် ရှာဖွကယ်ဆယ်ရေး အထူးတပ်ဖွဲ့က အမြန်ဆုံးထွက်ခွာပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများလုပ်‌ဆောင်မှု၊ မီးငြှိမ်းသတ်မှု၊ ဓာတ်ငွေ့ယိုစိမ့်မှု ရှိ/မရှိ ဓာတ်ငွေ့ထောက်လှမ်းကိရိယာ(Gas Detector) ဖြင့် ထောက်လှမ်းတိုင်းတားခြင်း၊ အဆောက်အအုံ တည်ငြိမ်မှုရှိ/မရှိ ရွေ့လျားမှုအာရုံခံ ကိရိယာ (Leader Sentry) အသုံးပြုထောက်လှမ်းခြင်း၊ ခေတ်မီရှာဖွေရေးသုံး ပစ္စည်းကိရိယာများဖြစ်သည့် အသံလိုင်း ထုတ်လွှင့်ရှာဖွေရေးကိရိယာ (Leader Hasty) နှင့် အပူထောက်လှမ်း ပုံရိပ်ဖမ်း ကင်မရာ TIC (Thermal Imaging Camera) ဖြင့် အဆောက်အအုံ အတွင်း ပိတ်မိနေသူများအား ရှာဖွေခြင်း၊  ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဒဏ်ရာရလူနာများအား အရေးပေါ် ကုသပေးမှုများကို သရုပ်ပြသကြသည်။

ထို့နောက်ဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းဒေသကြီးအတွင်း အချိန်အခါအလေျာက် ဖြစ်ပေါ်လာနိုင်သည့် ရေဘေး၊ လေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး စသည့် သဘာဝဘေးအန္တရာယ်များနှင့် အခြားသော ရုတ်တရက်ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များ ဖြစ်ပွား ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်လုပ်ငန်းများ အလျင်အမြန် အကောင်အထည်ဖော် တုန့်ပြန်ဆောင်ရွက်နိုင်ရန် နည်းပညာ၊ လူအင်အား၊ စက်ယန္တရားနှင့် ပစ္စည်းကရိယာများ ပြင်ဆင်ထားရှိရန်၊ သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ်အလိုက် ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ ဖွဲ့စည်းလေ့ကျင့်ရန်၊ မိမိတို့၏ စွမ်းအားစုများကို အမြဲအသင့်ဖြစ်နေစေရန်၊ မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် မီးဘေးလုံခြုံရေး လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် အခြားသော ဘေးအန္တရာယ် အမျိုးမျိုးအတွက် အလားတူလေ့ကျင့်ခန်းများကို အခါအားလျှော်စွာ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်သွာကြရန် လိုအပ်ကြောင်း လမ်းညွှန် အမှာစကားပြောကြားပြီး ပါဝင်သရုပ်ပြသပေးကြသော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေ () သိန်းကျပ် ချီးမြှင့်ပေးအပ်ကာ မီးငြိှမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

တင်စိုး(ပဲခူး)