ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဘတ်ဂျက်ဖြင့်ဆောင်ရွက်သော Liquid Oxygen Tank Station တစ်ခုကို ဇူလိုင်လ(၂၆)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး ဝင်းအတွင်း၌ စတင်တပ်ဆင်တည် ဆောက်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ Liquid Oxygen Tank Station ၏ အောက်ဆီဂျင်ထုတ်လုပ်မှုမှာ Liquid Oxygenအား Oxygen Tank Station အတွင်းသို့ ထည့်သွင်းသိုလှောင်ပြီး ၎င်းမှတဆင့် Gas Oxygen ပြန်လည်ထုတ်လုပ်ပေးသော စနစ်ဖြစ်၍ ယခုတည်ဆောက်လျှက်ရှိသော Oxygen Tank Station၏ ဝင်ဆံ့မှုမှာ တန်ချိန်(၃၀)ဖြစ်ပြီး Gas Oxygen ထုတ်လုပ်နိုင်မှုအနေဖြင့် တစ်ရက်လျှင် လီတာ ၄၀ဆံ့အောက်ဆီဂျင်အိုး ၁၆၀၀ခန့်၊ တစ်နာရီခွဲလျှင် လီတာ ၄၀ ဆံ့အောက်စီဂျင်အိုးကြီး အလုံး(၈၀)အထိ ထုတ်လုပ်ဖြည့်သွင်း ပေးနိုင်မည်ဖြစ်သည်။
၎င်း Oxygen Tank Station တပ်ဆင်ပြီးစီးသွားပါက ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး အတွင်းရှိ လူနာများအတွက် Central Pipe Line ဖြင့် ချိတ်ဆက်ဖြန့်ဖြူးပေးရန် ဆောင်ရွက်ထား ပါသည်။ Oxygen Filling System စနစ်ဖြင့် အောက်စီဂျင်အိုးများအတွင်း အောက်စီဂျင် ဖြည့်သွင်းဆောင်ရွက်ပေးခြင်းများ တစ်ပြိုင်တည်း ဆောင်ရွက်ပေးနိုင်ရေး ဆက်စပ်ပစ္စည်းများ မှာယူထားကြောင်း သိရှိရသည်။
တင်စိုး(ပဲခူး)


