ပဲခူး ဒီဇင်ဘာ ၇
ပဲခူးမြို့ ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီးမှ ကြီးမှူးကျင်းပသော (၃၆)ကြိမ်မြောက် သာသနာ လင်္ကါရအကျော် စာမေးပွဲကို ဒီဇင်ဘာ ၇ ရက် မွန်းလွဲပိုင်းက ဗုဒ္ဓအသံ ဓမ္မဗိမ္မာန်နှင့် ရွှေမောဓောဘုရားရင်ပြင်တော်တွင် ကျင်းပခဲ့သည်။
သာသနာ လင်္ကါရအကျော်စာမေးပွဲကို စာဖြေဌာန သုံးဌာနအဖြစ် ဗုဒ္ဓအသံ ဓမ္မဗိမ္မာန်အပေါ်ထပ်၊ ရွှေမောဓောဘုရားရင်ပြင်တော်ရှိ ကျောက်ပန်တောင်းဓမ္မရုံနှင့် ရွှေမောဓောရင်ပြင်တော်ရှိ မြင်းကျားဓမ္မရုံတို့တွင် ကျင်းပခဲ့ပြီး တစ်နိုင်ငံလုံးမှ သံဃာတော်၊ သီလရှင် ၁၁၄၄ ပါး ဝင်ရောက် ဖြေဆိုတော်မူကြကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)