ပဲခူး  ၈ ဖေဖော်ဝါရီလ

 

ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ အများပြည်သူ ဖူးမြော်နိုင်ရန် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ဘုရားဖူးပြည်သူများ ဖူးမြော်နိုင်ရန်အတွက် နေ့စဉ် နံနက် ၆ နာရီမှ ၁၀ နာရီထိ တစ်ကြိမ်၊ ညနေ ၃ နာရီမှ ၆ နာရီအထိ တစ်ကြိမ် တစ်နေ့လျှင် နှစ်ကြိမ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ဘုရားဖူးလာ ပြည်သူများအနေဖြင့် ဘုရားအနောက်ဘက်မုခ်စောင်းတန်း လှေကားမှသာ အတက်/အဆင်း ပြုလုပ်ရမည် ဖြစ်သည်။

 

ဘုရားဖူးလာပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ရွှေမော်ဓောဘုရားဂေါပက အဖွဲ့မှ ကျန်းမာရေး အကာအကွယ်ပစ္စည်းများဖြစ်သည့် လက်သန့်ဆေးရည်၊ ဆပ်ပြာ၊ နှာခေါင်းစည်းများ ထားရှိပေးသွားမည်ဖြစ်သဖြင့် ကိုဗစ်စည်းကမ်းချက်များအား လိုက်နာပြီး ဘုရားဖူးကြရန် လိုအပ်ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)

 

mdn