နေပြည်တော် ဒီဇင်ဘာ ၅

ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းနှင့် လူမှုစီးပွားဘဝများမြင့်မားလာစေ ရန်၊မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်ကျဉ်းမြောင်းစေရန်နှင့် မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများ အကြား ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးဆိုင်ရာ ဗဟုသုတနှင့် အတွေ့ အကြုံ များဖလှယ်ရန် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မဲခေါင်-လန်ချန်း နိုင်ငံများအကြား “ကျေးရွာအဆင့်ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်း” မိတ်ဆက်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ကျေး ရွာတွင် ကျင်းပသည်။


အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးတို့ အမှာစကားပြောကြားကြပြီး စီမံကိန်းဆိုင်းဘုတ် ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေခံ စက်ချုပ် သင်တန်း ဖွင့်လှစ်နေမှုကို ကြည့်ရှု့အားပေးကြသည်။

အဆိုပါစီမံကိန်းကို မဲခေါင်−လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၂)ဖြင့် ပဲခူး တိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ စီမံကိန်းကာလ(၂)နှစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
    
ယင်းနောက်  ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့ ရေပေးရေးလုပ်ငန်းခွင် သို့ ရောက်ရှိရာ ရေမီတာတိုးချဲ့တပ်ဆင်နိုင်ရေး၊ လုပ်ငန်းများစဉ်ဆက်မပြတ်လည်ပတ်နိုင်ရေး၊ စမ်းသပ် လည်ပတ်နေမှုများ အောင်မြင်အောင်ဆောင်ရွက်ကြရေးတို့နှင့် စပ်လျဉ်း၍ လိုအပ်သည်များ မှာကြား ပြီး အကြိုရေစစ်ကန်တည်ဆောက်ပြီးစီးမှုနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများကို ကြည့်ရှု သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဦးစီးဌာန များမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အောင် မြင်ရေးအတွက် ဦးစီးဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ ဝန်ထမ်းစည်းကမ်း များနှင့်အညီ လိုက်နာဆောင်ရွက်ရေးတို့ကို မှာကြားပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။

သတင်းစဉ်