ပဲခူးမြို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

ပဲခူး မေ ၅

(၇၆)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့၊ မြို့တော် ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် အမှာစကားပြောကြား သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က  ၂၀၂၂ခုနှစ်၊ စွမ်းရည်သတ္တိဆိုင်ရာ ရဲဗလ ဆုတံဆိပ်ရရှိခဲ့သူ၊ တိုင်းဒေသကြီးအဆင့် မီးသတ်ကျင့်ဝတ်ပြိုင်ပွဲတွင် ပထမဆုရရှိသူများနှင့် စံပြမီးသတ်စခန်းဆု ရရှိသည့် ကဝမြို့နယ် မီးသတ်စခန်းတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က ဗဟိုအဆင့် အမြန်လမ်း စံပြမီးသတ်စခန်းဒုတိယဆုနှင့် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူ တို့ကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လုပ်သက်(၂၅) နှစ်အထက် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ၂၀၂၁ ခုနှစ်အတွင်း မီးလောင်မှုတန်ဖိုးအနည်းဆုံး ခရိုင်တို့ကို လည်းကောင်း၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးက  မီးသတ်စက်ကလေးပြိုင်ပွဲတွင် ဆုရရှိသော ခရိုင်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပဲခူးမြို့နယ် အရန်မီးသတ် တပ်ဖွဲ့ဝင်များကိုလည်းကောင်း ဂုဏ်ပြုလက်မှတ်များနှင့် ဆုများပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များက ဂတ်(စ်)မီးလောင်မှု၊ ဆီမီးလောင်မှုနှင့် မော်တော်ယာဉ် မတော်တဆမှုဖြစ်စဉ်များတွင် မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှု၊  Hydraulic Platform & Vehicle Heavy Lifting Vehicle နှင့် ခေတ်မီမီးငြိမ်းသတ်ရေး ကိရိယာများအသုံးပြု မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးတို့ကို သရုပ်ပြသကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး မီးသတ်သရုပ်ပြသသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြု ထောက်ပံ့ငွေကျပ် (၁၀)သိန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များနည်းတူ အထပ်မြှင့်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသမှုတွင် ပါဝင်ခဲ့သည့် တတိယတန်းကျောင်းသား မောင်သက်နိုင်ထူးတို့အား ဂုဏ်ပြုငွေကျပ် (၅)သောင်း ထောက်ပံ့ပေးအပ်ကာ  မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်း ခင်းကျင်းပြသထားရှိမှုများကို  ကြည့်ရှုခဲ့ကြောင်း သိရသည်။
 
သတင်းစဉ်