ပဲခူး ဧပြီ ၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သာသနာတော် သန့်ရှင်းရေး တည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန် ဓမ္မာစရိယစာမေးပွဲနှင့်၊ ပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ)တန်း စာမေးပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ ဧပြီ ၁ ရက် မွန်းတည့် ၁၂ နာရီတွင် ပဲခူးမြို့ ဗုဒ္ဓအသံ ဓမ္မဗိမာန်တော်ကြီး အပေါ်ထပ်၊ အောက်ထပ်နှင့် ချမ်းမြေ့ဇေယျာ သာမဏေကျော် ကျောင်းတိုက်တို့တွင် စတုတ္ထနေ့ ဆက်လက် ဖြေဆိုတော်မူကြသည်။
ဆက်ကပ်လှူဒါန်း
အဆိုပါစာမေးပွဲတွင် ပထမကြီးတန်း ၁၃၂ ပါး၊ ပထမလတ်တန်း ၁၈၅ ပါး၊ ပထမငယ်တန်း ၃၅၄ ပါး၊ အခြေပြုမူလတန်း ၆၃၁ ပါး၊ စုစုပေါင်း ၁၃၀၂ ပါး ဖြေဆိုတော်မူကြပြီး စာဖြေသံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက နေ့စဉ် ရေသန့်၊ အချိုရည်များအား ဆက်ကပ်လှူဒါန်းလျက်ရှိပြီး ကြီးကြပ်ဆရာတော်ကြီးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)


