ပဲခူး ၃၀ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၌ ယနေ့ နံနက်ပိုင်းတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ယခုရက်ပိုင်းသည် ဒီဇင်ဘာကျောင်းပိတ်ရက်၊ အများပြည်သူ အားလပ်ရက်များ ဖြစ်သည့်အတွက် ပဲခူးမြို့ရှိ သမိုင်းဝင် စေတီပုထိုးများ၊ လည်ပတ်လေ့လာစရာ အထင်ကရနေရာများ၊ ရွှေပြည်၊ ကန်တော်ကြီး၊ မိုးယွန်းကြီးအင်း စသည့် အပန်းဖြေစရာ နေရာများရှိခြင်းတို့ကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)