ပဲခူး မတ် ၈
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကားပြောကြားပြီး ကမ္ဘောဒီယားနိုင်ငံ၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က ကျင်းပသည့် အာဆီယံအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်ဆုပေးပွဲ အခမ်းအနားတွင် အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်ဆုရရှိခဲ့သည့် ပြည်မြို့မှ ဒေါ်ကြူကြူသန်းအား ဂုဏ်ပြုလက်မှတ် ချီးမြှင့် ပေးအပ်သည်။
ထို့နောက် အခမ်းအနားအစီအစဉ်များအတိုင်း ဖျော်ဖြေရေးအဖွဲ့များက တေးသီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က သီဆိုဖျော်ဖြေခဲ့ကြသည့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့သည် တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ NGO များနှင့်အတူ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အမှာစကားဗီဒီယိုနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက် ချက်မှတ်တမ်းဗီဒီယိုတို့ကို ကြည့်ရှုကြပြီး တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


