ပဲခူး ဖေဖော်ဝါရီ ၁၀

 

ပဲခူးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပဲခူးခရိုင် Fire Hotspot ဖြစ်ပေါ်စေသည့်အကြောင်းရင်း ရှာဖွေဖော်ထုတ်ရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည့် ပဲခူးမြို့နယ် ကလိကျေးရွာသို့ ကွင်းဆင်းစစ်ဆေးသည်။

 

ဦးစွာ ပဲခူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေသူအောင် ပါဝင်သည့်အဖွဲ့သည် Fire Hotspot ဖြစ်ပွားရာ ပဲခူးမြို့နယ် ကလိကျေးရွာသို့ သွားရောက်၍ မီးလောင်မှုဖြစ်ပွားခဲ့ရသည့်အကြောင်းရင်းအား မေးမြန်းခြင်း၊ ထပ်မံမဖြစ်ပေါ်စေရေး အသိပညာပေးခြင်း၊ PM 2.5 အကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ထို့နောက် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ “မီးခိုးမြူငွေ့အကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်၍ အသိပညာပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)