ပဲခူး   ဒီဇင်ဘာ   ၇

 

ပဲခူးမြို့၊ ရုံးကြီးရပ်ကွက် ဟင်္သာလမ်းတွင် ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက ဟံသာဝတီ ညဈေးဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်။

 

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် စည်ပင်သာယာရေး ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူ ဈေးသားများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးဆွေနှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က ဟံသာဝတီညဈေးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ဟံသာဝတီညဈေးအတွင်း ဈေးရောင်း ဈေးဝယ်ပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

အဆိုပါ ဟံသာဝတီညဈေးအား ဈေးဆိုင်ခန်း ၁၆၇ ခန်းဖြင့် နေ့စဉ် ညနေ ၄ နာရီမှ ည ၈ နာရီခွဲအထိ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ပြီး  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ငွေ(GRF)နှင့် ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေ စုစုပေါင်း ငွေကျပ် ၄၅၁ ဒသမ ၃၅၀ သန်းဖြင့် ဟင်္သာလမ်းအား (၁၂၇၄'×၄၀'×၈") ကွန်ကရစ်ခင်း အဆင့်မြှင့်တင်ခြင်း၊ Box Culvert တိုးချဲ့တည်ဆောက်ခြင်း၊ အုတ်ရေမြောင်းနှင့် ပလက်ဖောင်းများဆောင်ရွက်ခြင်း၊ မီးတိုင်စိုက်ထူခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)