ပဲခူး ဇူလိုင် ၃
မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုအဆင့် မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအဖြစ် ရိုးရာ ပွဲတက်ဝတ်စုံချုပ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိခဲ့သော တောင်ငူမြို့၊ အိမ်တွင်းမှု သက်မွေး ပညာသင်တန်းကျောင်းမှ ဒေါ်မျိုးသီတာစိုး (နည်းပြ) နှင့် ဒေါ်စိုးနန္ဒာကျော် (နည်းပြ) တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး တရားလွတ်တော် တရားသူကြီးချုပ်တို့က ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ငွေသားဆုများအား ချီးမြှင့်ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဖြစ်ရပ်မှန် သက်ငယ်မုဒိမ်း အသိပညာပေးပြဇာတ်နှင့် လူကုန်ကူးခံရမှု အသိပညာပေး ပြဇာတ်တို့ကို တင်ဆက်ပြသခဲ့ကြရာ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှု မှတ်တမ်းဗွီဒီယိုကိုကြည့်ရှုပြီး ပြခန်းအတွင်း ပြသထားသည့် ပဲခူးတိုင်းဒေသကြီး အမျိုးသမီး ရေးရာအဖွဲ့၏ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများနှင့် တောင်ငူမြို့၊ သက်မွေးပညာသင်တန်း ကျောင်းမှ ကျောင်းသူများ ချုပ်လုပ်ထားသည့် အဝတ်အထည်များကို ကြည့်ရှုအားပေးသည်။
သတင်းစဉ်
