ပဲခူး ၂၄  ဒီဇင်ဘာ

 

ပဲခူးမြို့ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးတွင် ယနေ့ နံနက်(၈) နာရီက ပဲခူးတိုင်းဒေသကြီးအဆင့် ရေကောင်းရေသန့်ရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးလှုပ်ရှားမှု (၂၀၁၉) အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

 

01

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အဖွင့်အမှာစကား ပြောကြားသည်။   ထို့နောက် ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနီနီလှိုင်မှ ၂၀၁၉ ခုနှစ် ပဲခူးတိုင်းဒေသကြီးအဆင့် ရေကောင်းရေသန့်ရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသူများက ရေကောင်းရေသန့်ရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေး လှုပ်ရှားမှုများနှင့် ပတ်သက်သည့် ပြခန်းငယ်အား ကြည့်ရှုကြသည်။

 

02

 

ရေကောင်းရေသန့်ရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးလုပ်ငန်းများသည် လူတစ်ဦးချင်းစီမှစ၍ ကျေးရွာ/ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီးနှင့် နိုင်ငံတော်အဆင့် အထိ ပူးပေါင်းဆောင်ရွက်ရမည့် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး လူတစ်ဦး၊ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံရဲ့ လူနေမှု အဆင့်အတန်းကို တိုင်းတာသည့် အညွှန်းကိန်းဖြစ်သည့်အတွက် ထိုလုပ်ငန်း မကောင်းပါက လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသားရေးပြယုတ်ကို ထိခိုက်စေနိုင်ကြောင်း သိရသည်။

 

ဟိန်းထက်(ပဲခူး)