ပဲခူး ၁၉ အောက်တိုဘာ
ပဲခူးမြို့နယ် အင်းတကော်မြို့ အင်းတကော်ကျေးလက်ကျန်းမာရေးဌာန၌ အောက်တိုဘာ ၁၉ ရက်နေ့နံနက် ၉ နာရီခွဲ အချိန်က သားဖွားဆောင်သစ်ဖွင့်လှစ်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပဲခူးမြို့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ ဒေါ်ရွှေပုံက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာရန်နိုင်ရှိန်းနှင့် အင်းတကော်ကျေးလက်ကျန်းမာရေးဌာန လက်ထောက်ကျန်းမာရေးမှူးတို့က သားဖွာဆောင်သစ် ဖြစ်ပေါ်လာပုံနှင့် ကျန်းမာရေးဌာန၏ ဆောင်ရွက်ပုံလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပေးသည်။
"အင်းတကော်မြို့သည် ကျေးရွာ(၂၄)ရွာရှိပြီး ပဲခူးမြို့နှင့်(၁၄)မိုင်ကွာဝေးရာ အရေးပေါ်သားဖွားလူနာများ အချိန်မီ မွေးဖွားနိုင်ရေးနှင့် ကျေးရွာအတွင်းရှိ ချို့တဲ့သောမွေးဖွားမည့် သူများကျန်းမာရေး စောင့်ရှောက်မှုနှင့် အဆင်ပြေစွာမွေးဖွားနိုင်ရေးအတွက် ကျန်းမာရေးဦးစီးဌာန၏ ပိုလျှံဘတ်ဂျက်ငွေနှင့် စီစဉ်ဆောင်ရွက်ကာ သားဖွားဆောင် ဖွင့်လှစ်ထားကြောင်း" အင်းတကော်ကျေးလက်ဌာန လက်ထောက်ကျန်းမာရေးမှူး ဦးကိုကိုနိုင်က ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဒေါ်ရွှေပုံ၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေနှင့် ဦးကျော်မင်းစံ တို့တက်ရောက်အားပေးကြကြောင်း သိရသည်။
ဟိန်းထက်(ပြန်/ဆက်)


