နေပြည်တော်၊ ၂၄ ဒီဇင်ဘာ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၃ ရက် ညနေ ၅ နာရီတွင် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဘုရားကြီး-ဝေါသွား ကားလမ်း၊ ရွှေသံလွင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စောနိုင်မောင်းနှင်ပြီး စိုင်းကောလိန္ဒ လိုက်ပါလာသည့် Probox အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား