ပဲခူး ၁၅ စက်တင်ဘာ
ပဲခူးမြစ်ရေသည် စိုးရိမ်အမှတ် (၈၈၀)စင်တီမီတာထက် ကျော်လွန်ပြီး ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မြစ်ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ရာ အခြေခံပညာကျောင်းအချို့ ယာယီပိတ်ထားရကြောင်း သိရသည်။
ပဲခူးမြို့နယ်အတွင်း ရေကြီးရေလျှံ ဖြစ်ပေါ်နေခြင်းကြောင့် ယနေ့တွင် ပဲခူးမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ အခြေခံပညာကျောင်း (၂၄)ကျောင်း ပိတ်ထားရသည်။
အဆိုပါ ပိတ်ထားခဲ့ရသည့် ကျောင်း(၂၄) ကျောင်းတွင် သင်ကြားပေးသည့် ဆရာ ဆရာမ (၂၇၇)ဦး၊ KG တန်းမှ G11 တန်းအထိ ကျောင်းသား ကျောင်းသူ (၇၂၁၃)ရှိကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)


