ပဲခူး     အောက်တိုဘာ     ၁၈

 

ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများမှ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသားကျောင်းသူများကို အောက်တိုဘာ(၁၇)ရက် နံနက်ပိုင်းအချိန်မှ စတင်ပြီး သက်ဆိုင်ရာ စုရပ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအား ပထမနေ့ ပထမအကြိမ် ထိုးနှံပေးကြကြောင်း သိရသည်။

 

ပဲခူးမြို့နယ်အတွင်း အသက်(၁၂) နှစ်နှင့်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့အစည်းများပါဝင်သည့် ဆေးထိုးအဖွဲ့(၂၁)ဖွဲ့ဖြင့် ဖွဲ့စည်းထားရှိကာ သက်ဆိုင်ရာစုရပ်(၂၁)နေရာ၌ အောက်တိုဘာ(၁၇)ရက်မှ (၂၄)ရက်အထိ မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၂၂၄)ကျောင်းမှ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းသားကျောင်းသူ(၁၄၀၄၄)ဦးတို့အား ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

ယနေ့ ပထမဦးဆုံးနေ့တွင် ပဲခူးမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးစုရပ်(၉)ခုထားရှိပြီး အထက(၁)စုရပ်တွင် ဆေးထိုးအဖွဲ့(၂)ဖွဲ့မှ အထက(၁)ကျောင်းမှ ကျောင်းသား ကျောင်းသူ (၇၀၆)ဦး အား လည်းကောင်း၊ အထက(၂)စုရပ်တွင် ‌ဆေးထိုးအဖွဲ့(၁)ဖွဲ့မှ အထက(၂)၊ အထက(ခွဲ)(၁)၊ အမက(လွန်) ကျောက်ကြီးစု၊ အမက(လွန်)ညောင်ဝိုင်း၊ အမက(လွန်)ဈေးပိုင်း စသည့်အခြေခံပညာ ကျောင်း(၅)ကျောင်းရှိ ကျောင်းသားကျောင်းသူ (၄၇၄)ဦးအားလည်းကောင်း၊ အထက(၃)စုရပ်တွင် ဆေးထိုး အဖွဲ့(၁)ဖွဲ့မှ အထက(၃)၊ အထက(ခွဲ)ပန်းလှိုင်၊ အလက(ခွဲ)ဖောင်တော်ဦး၊ အလက(ခွဲ)ဇိုင်း/တောင် စသည့်အခြေခံပညာကျောင်း(၄) ကျောင်းရှိ ကျောင်းသား ကျောင်းသူ (၄၈၆)ဦးအားလည်းကောင်း၊ အထက(၅)စုရပ်တွင် ဆေးထိုးအဖွဲ့(၁)ဖွဲ့မှ အထက(၅)နှင့် အထက(ခွဲ)(၈)တို့ရှိ ကျောင်းသားကျောင်းသူ (၃၈၂)ဦးအားလည်းကောင်း၊ အထက(၆)စုရပ်တွင် ဆေးထိုးအဖွဲ့(၁)ဖွဲ့မှ အထက(၆)နှင့် အထက၊ မြို့အနောက်(ခ)ကျောင်းတို့ရှိ ကျောင်းသား ကျောင်းသူ (၂၄၉)ဦးအားလည်းကောင်း၊ အထက(၇)စုရပ်တွင် ဆေးထိုးအဖွဲ့(၂)ဖွဲ့မှ အထက(၇)နှင့် အထက(ခွဲ)(၇)ကျောင်းတို့ရှိ ကျောင်းသား ကျောင်းသူ (၆၁၃)ဦးအားလည်းကောင်း၊ အထက(၉)စုရပ်တွင် ဆေးထိုးအဖွဲ့(၁)ဖွဲ့မှ အထက(၉)၊ အထက(ခွဲ)ကမာနတ်၊ အလက(ခွဲ)မွန်စံပြ၊ အလက(ခွဲ) အိုးဘိုစသည့် အခြေခံပညာကျောင်း(၄) ကျောင်းရှိ ကျောင်းသား/သူ(၂၂၁)ဦးအားလည်းကောင်း၊ အထက-ဘုရားကြီးစုရပ်တွင် ဆေးထိုးအဖွဲ့(၁)ဖွဲ့မှ အထက(ဘုရားကြီး)ကျောင်းရှိ ကျောင်းသား ကျောင်းသူ (၂၂၀)အားလည်းကောင်း၊ အထက-အင်းတကော်စုရပ်တွင် ဆေးထိုးအဖွဲ့(၂)ဖွဲ့မှ အထက(အင်းတကော်)ကျောင်းရှိ ကျောင်းသား ကျောင်းသူ (၇၇၆)ဦးအားလည်းကောင်း၊ စုစုပေါင်း ဆေးထိုးစုရပ်(၉)ခုတွင် ဆေးထိုးအဖွဲ့(၁၂)ဖွဲ့မှ အခြေခံပညာကျောင်းပေါင်း(၂၂) ကျောင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူ (၄၁၃၇) ဦးတို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမနေ့ ပထမအကြိမ်ထိုးနှံပေးခဲ့ပြီး ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

 

တင်စိုး(ပဲခူး)