နေပြည်တော် ၅ ဇန်နဝါရီ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အောင်ချမ်းသာကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းခွင်၌ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)နေ ဟိန်းထက်ကျော် (၃၃)နှစ်ဦးဆောင်သည့် အဖွဲ့သည် ဇန်နဝါရီ ၄ရက်နံနက်ပိုင်းက ဘက်ဟိုးယာဉ်ဖြင့် မြေတူးစဉ် ရထားလမ်း၏ အရှေ့ဘက်ပေ ၂၀ ခန့် နှင့် ၂၅ပေခန့်အကွာတို့တွင် အလျား၁၆လက်မခွဲ၊ လုံးပတ်၁၄လက်မခန့် 105 MM Howitzer စစ်ကျန်အမြောက်ဆံဟောင်း၂လုံးအား တွေ့ရှိကြောင်း သိရသည်။

သတင်းအရ အင်းတကော်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများနှင့်အတူ သွားရောက်စစ်ဆေးပြီး အဆိုပါ စစ်ကျန်အမြောက်ဆံဟောင်းအား နယ်မြေခံ တပ်မတော်သားများ က သိမ်းဆည်းသွားကြောင်း ရဲပြန်ကြားမှ သိရသည်။

MDN