ပဲခူး ၂၅ စက်တင်ဘာ
ပဲခူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ငါးမွေးမြူရေးဆိုင်ရာ သင်တန်းကျောင်းတွင် ငါးမွေးမြူရေးဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ပြီး ဝန်ကြီးဦးအောင်ဇော်နိုင်က အမှာစကားပြောကြားခဲ့သည်။
အဆိုပါ သင်တန်းအား စက်တင်ဘာလ(၂၅)ရက်နေ့မှ(၂၇) ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၃၀ တက်ရောက် သင်ကြားကြကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်လျှက်ရှိသည့် ငါးလုပ်ငန်းသင်တန်းကျောင်း ဓာတ်ခွဲခန်း သို့သွားရောက်ပြီး လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။
တင်စိုး(ပဲခူး)


